Myanmar Freedom of Association (FOA) Guideline

မြန်မာနိုင်ငံ၏ အထည်ချုပ် စက်မှုလုပ်ငန်း တည်ငြိမ်းအေးချမ်းနေလျှင် အားလုံးအတွက် အကျိုးအမြတ်ရှိပေ သည်။

လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခွင့်ဆိုသည်မှာ အလုပ်သမားများ နှင့် အလုပ်ရှင်များ မိမိတို့ကိုယ်တိုင် ရွေးချယ်မှုဖြင့် လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့် နှင့် အဖွဲ့၀င်ပိုင်ခွင့်ဖြစ်သည်။

၄င်းမှာ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ၏ အခြေခံအကျဆုံးသော အခွင့်အရေးတစ်ခုဖြစ်သည့် အိုင်အယ်လ်အို ပြဌါန်းချက်အမှတ် ၈၇ နှင့် ၉၈ အောက်တွင်လည်းကောင်း၊ ကုလသမဂ္ဂ၏ အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေး ကြေငြာစာတမ်းအောက်တွင် လည်းကောင်း အာမခံထားသည့် လူ့အခွင့်အရေး တစ်ရပ် လည်း ဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခြင်း လမ်းညွှန်ချက်သည် မြန်မာ့အထည်ချုပ်နှင့် ခြေ၀တ်တန်ဆာလုပ်ငန်းတွင် အလုပ်ရှင်များနှင့် အလုပ်သမားများအကြား အပြုသဘောဆောင်သော ဆက်ဆံရေးများရရှိစေရန် ကနဉီးခြေလှမ်းကြီးတစ်ခုဖြစ်သည်။ (သဘောတူညီချက်စာ) ၂၀၁၉ တွင် ရေးဆွဲ သဘောတူ အတည်ပြုခဲ့သည့် လမ်းညွှန်ချက်သည် အပြည်ပြည်ဆိုင်ရာ အလုပ်သမားစံချိန်စံညွှန်းများနှင့် အညီတည်ဆောက်ထားသော စက်မှုလုပ်ငန်းခွင်ဆက်ဆံရေးများမှ တစ်ဆင့် တည်ငြိမ်ပြီး ကြီးထွားလာသော စက်မှုလုပ်ငန်းကိုအထောက်အကူဖြစ်စေရန် ရည်ရွယ်သည်။

၂၀၂၀ ခုနှစ်ဧပြီလ ၁ ရက်နေ့မှစ၍ FOA လမ်းညွှန်ချက်နှင့်အညီ လိုက်နာဆောင်ရွက်ရန်မှာ ACT အဖွဲ့ဝင် ကုန်အမှတ် တံဆိပ်များအတွက် ထုတ်လုပ်လျက်ရှိသော စက်ရုံများအားလုံးအတွက် လုပ်ငန်းလိုအပ်ချက်ဖြစ်သည်။

FOA လမ်းညွှန်ချက် လုပ်ငန်းစဉ်

နှစ်ဉီးနှစ်ဖက် တွေ့ဆုံဆွေးနွေးပွဲများမှ တဆင့် ဖြစ်ပေါ်လာသော ယုံကြည်စိတ်ချရသည့် ဆက်ဆံရေးများသည် စက်မှုလုပ်ငန်းခွင် အငြင်းပွားမှုအန္တရာယ်ကို လျှော့ချပေးပြီး ထုတ်လုပ်မှု နှင့်ရင်းနှီးမြှုပ်နှံမှု ဆက်ရှိစေရန် လိုအပ်သောတည်ငြိမ်မှုကို ဖန်တီးပေးသည်။ – ကမ္ဘာလုံးဆိုင်ရာသဘောတူညီချက် ၂၀၁၇

ACT ကုန်အမှတ်တံဆိပ်များအတွက် ထုတ်လုပ်နေသော စက်ရုံများသည် လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်း ခြင်းဆိုင်ရာ လမ်းညွှန်ချက်ရေးဆွဲရာတွင် ပါ၀င်ရန် အလုပ်ရှင်လုပ်ငန်းအဖွဲ့ (EWG) ကိုတည်ထောင်ခဲ့သည်။ လုပ်ငန်းအဖွဲ့သည် IndustriALL Global Union ၏ အဖွဲ့၀င် မြန်မာနိုင်ငံအထည်ချုပ်၊ နှင့် ခြေ၀တ်လုပ်ငန််းတွင် လုပ်ကိုင်နေသော အလုပ်သမားများကို ကိုယ်စားပြုသည့် အလုပ်သမားများအဖွဲ့ချုပ် (IWFM) တို့နှင့်ညှိနှိုင်းရန် ၄င်းတို့၏ ကိုယ်စားလှယ်များအား အမည်စာရင်းတင်သွင်းခဲ့သည်။

ILO နှင့် GIZ တို့သည် ညှိနှိုင်းမှုလုပ်ငန်းစဉ်တွင် နည်းပညာအကူအညီများ ပေးခဲ့သည်။