အဖွဲ့၀င်တစ်ဉီး ဖြစ်ရန်

အသင်း၀င်ခြင်းကို ကုမ္ပဏီအားလုံးအတွက် လမ်းဖွင့်ထားသည်။

  • ၁သင်၏ကုမ္ပဏီသည် အခြားအဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းကာ ACT ၏ရည်ရွယ်ချက်၊ မဟာဗျူဟာရည်မှန်း ချက် နှင့်အစီအစဉ်များကိုပံ့ပိုးရန် ကတိပြုရမည်။
  • ကုမ္ပဏီ၏ ရေရှည်စီးပွားရေးမျှော်မှန်းချက်များသည် ACT နှင့်ကိုက်ညီကြောင်း ဖော်ပြနိုင်ရမည်။ အထောက် အထားများအနေဖြင့် လူသိရှင်ကြားဖော်ပြထားသော ကတိကဝတ်များနှင့် မိသားစု အခြေခံစား၀တ်နေရေး ဖူလုံစေသည့် လုပ်ခလစာများထူထောင်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာ ကနဉီး လုပ်ဆောင်မှုအား ပံ့ပိုးပေးသောအလေ့အကျင့်များပါ ၀င်သင့်သည်။ သင်၏ကုမ္ပဏီသည် ACT နှင့်သက်ဆိုင်သော ပြင်ပသို့ ထုတ်ပြန်ချက်များအားလုံးအတွက် ACT ၏ဆက်သွယ်ရေးမဟာဗျူဟာနှင့် ကိုက်ညီရန် ကတိပြုသည်။
  • သင်၏ကုမ္ပဏီသည် IndustriALL Global Union နှင့်တိုက်ရိုက်ဆက်ဆံရေးဖြင့် ၀င်ရောက်နိုင်သည်။ ACT နားလည်မှုစာချွန်လွှာကို သင်၏အဖွဲ့အစည်းနှင့် IndustriALL တို့အကြား သင်၏အဖွဲ့အစည်း၏ CEO နှင့် IndustriALL ၏အထွေထွေအတွင်းရေးမှူးတို့က လက်မှတ်ရေးထိုးမည်။
  • သင်၏ကုမ္ပဏီသည် ကုမ္ပဏီအုပ်စုတစ်ခု၏အစိတ်အပိုင်းတစ်ခုဖြစ်ပါက ACT (အထည်ချုပ်၊ အထည်အလိပ်၊ ခြေ၀တ် နှင့်အသုံးအဆောင်များ) ၏ဘောင်အတွင်းကျရောက်နေသောအုပ်စုအတွင်းရှိကုမ္ပဏီများအားလုံး ACT အဖွဲ့ဝင်ဖြစ်လာရန်လိုအပ်ပါသည်။
  • အဖွဲ့ဝင်အားလုံးသည် ACT အဖွဲ့ဝင်ကြေးဖွဲ့စည်းပုံအရ အဖွဲ့၀င်ကြေး နှင့် နှစ်စဉ်ကြေးများအား မပျက်မကွက် ပေးရမည်။ နှစ်စဉ်အသင်းဝင်ကြေးများကို အထည်ချုပ်၊ အထည်အလိပ်၊ ခြေ၀တ် နှင့်အသုံးအဆောင်လုပ်ငန်း ၏နှစ်စဉ် ၀င်ငွေအပေါ်တွင် တွက်ချက်သည်။

 

សូមទាក់ទងមកកាន់យើងខ្ញុំ។