ဘင်္ဂလားဒေ့ရှ်

ACT သည် အထည်ချုပ်ထုတ်လုပ်မှုအတွက် အရေးအပါဆုံးသောနေရာများမှ အဓိက ပါ၀င်သက်ဆိုင် သူများကို စုစည်းပေးသည်။

အထည်ချုပ်၊ အထည်အလိပ်နှင့် ခြေဝတ်ပစ္စည်းလုပ်ငန်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဒုတိယအကြီးဆုံး ပို့ကုန်လုပ်ငန်းဖြစ်ပြီး အလုပ်သမား ၄ သန်းကျော်ကို အလုပ်ခန့်ထားပေးသည်။ မိသားစုအခြေခံ စား၀တ်နေရေး ဖူလုံစေသည့် လုပ်ခလစာရရှိရေး အပါအ၀င် အထည်ချုပ်၊ အထည်အလိပ်နှင့် ခြေဝတ်ပစ္စည်းလုပ်ငန်း၏ အဓိပ္ပါယ်ရှိသောအသွင်ပြောင်းလဲမှုအတွက် စက်မှုလုပ်ငန်းတွင်း သက်ဆိုင်သူအားလုံးကို စားပွဲ၌နေရာပေးရန် လိုအပ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ACT သည် နိုင်ငံ၏အဓိကကျသော အထည်ချုပ်လုပ်ငန်းဆိုင်ရာ ပလက်ဖောင်း ကို လက်ခံကျင်းပခဲ့ပြီး အလုပ်သမားသမဂ္ဂများ၊ ကုန်အမှတ်တံဆိပ်များနှင့် အလုပ်ရှင်များမှကိုယ်စား လှယ်များအား စုစည်းတွေ့ဆုံစေခဲ့သည်။ BGMEA၊ IndustriALL ဘင်္ဂလားဒေ့ရှ်ကောင်စီ၊ IndustriALL Global Union နှင့် ACT အဖွဲ့ဝင် ကုန်အမှတ်တံဆိပ်များမှ ကိုယ်စားလှယ်များသည် ပလက်ဖောင်းအတွက်အစီအစဉ်များကို ချမှတ်သောလုပ်ငန်းအဖွဲ့၏အဖွဲ့ဝင်များဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်ပလက်ဖောင်းသည် လုပ်ခလစာ၊ လွတ်လပ်စွာအသင်းအပင်း ဖွဲ့စည်းခွင့်နှင့် တာဝန်ယူမှုရှိသော ၀ယ်ယူမှု အလေ့အကျင့်များကိုအာမခံစေခြင်း နှင့် ပတ်သက်၍ ဆွေးနွေးပွဲများ ပြုလုပ်ပေးသည်။ ၂၀၂၀ ခုနှစ် တွင် ပလက်ဖောင်းသည် COVID-19 ကပ်ရောဂါ၏စိန်ခေါ်မှုများကြောင့် ဖြစ်ပေါ်လာသောပဋိပက္ခအသစ်များအား ဖြေရှင်းရန် အငြင်းပွားမှုဖြေရှင်းရေးယန္တရားကို ချမှတ်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ACT ၏ လုပ်ဆောင်မှုများအား ဆက်လက်လေ့လာရန် စိတ်ပါ၀င်စားသလား?

ကျွန်ုပ်တို့အား ဆက်သွယ်ပါ။