ကုန်ပစ္စည်းဝယ်ယူမှုအလေ့အကျင့်များနှင့်စပ်လျဉ်း၍ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကတိကဝတ်ပြုခြင်း

ACT အဖွဲ့၀င်ကုန်အမှတ်တံဆိပ်များသည် မိသားစုအခြေခံစားဝတ်နေရေးဖူလုံစေ မည့် လုပ်ခလစာများ နှင့် ကောင်းမွန်သော လုပ်ငန်းခွင်အခြေအနေများ တိုးတက်လာစေရန် အဟန့်အတားဖြစ်စေသည့် ၀ယ်ယူမှု အလေ့အကျင့် များကို ပြောင်းလဲရန် တင်ပို့သော နိုင်ငံများမှတဆင့် တကမ္ဘာလုံးအတိုင်းအတာဖြင့် လုပ်ဆောင်ရန် ၄င်းတို့ကိုယ်တိုင် ကတိပြုခဲ့ကြသည်။

ACT အဖွဲ့၀င်ကုန်အမှတ်တံဆိပ်များသည် လုပ်ခလစာများ နှင့်လုပ်ငန်းခွင်အခြေအနေများအပေါ် အကြီးမားဆုံး သက်ရောက်မှုရှိသည့် နယ်ပယ်ငါးခုတွင် ၄င်းတို့၏ ၀ယ်ယူမှုအလေ့အကျင့်ကို ပိုမိုတိုးတက်လာစေရန် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် လုပ်ဆောင်ရန် ကတိသစ္စာပြုထားသည်။

ဤကတိက၀တ်များသည် စက်မှုလုပ်ငန်းအဆင့်တွင် စုပေါင်းညှိနှိုင်းသဘောတူညီမှုကို ပထမဆုံး လက်မှတ် ထိုးသော နိုင်ငံများအတွက် အထူးအထောက်အပံ့များပေးသည်။ နိုင်ငံများအနေဖြင့် ငွေကြေးဖောင်းပွမှုနှင့် ကုန်ထုတ်လုပ်မှုတိုးတက်မှုထက် ကျော်လွန်သောလုပ်ခလစာတိုးပွားမှု၊ လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခြင်းကို အပြည့်အဝလေးစားခြင်း နှင့်စောင့်ကြည့်ကြီးကြပ်ရေးယန္တရားများရှိခြင်း စသည်တို့ကို သေချာစေသည့် စက်မှုလုပ်ငန်းအဆင့် စုပေါင်းသဘောတူညီချက်ရှိပါက ၎င်းအထောက်အပံ့ ကတိကဝတ်များမှ အကျိုးခံစား နိုင်သည်။