ACT က ဘာတွေလုပ်နေလဲ?

ACT သည် စက်မှုလုပ်ငန်းအဆင့်တွင် စုပေါင်းညှိနှိုင်းဆွေးနွေးခြင်း၊ လွတ်လပ်စွာအသင်းအပင်း ဖွဲ့စည်းခြင်း နှင့် တာ၀န်ယူမှုရှိသော ကုန်ပစ္စည်း ၀ယ်ယူမှု အလေ့အကျင့်များ အားဖြင့် အလုပ်သမားများ အတွက် မိသားစုအခြေခံစားဝတ်နေရေးဖူလုံစေ မည့် လုပ်ခလစာများရရှိစေ‌ရေးအတွက် ရည်မှန်း လုပ်ဆောင်နေပါသည်။ 

စုပေါင်းဆွေးနွေးညှိနှိုင်းခြင်းဖြင့် မိသားစု အခြေခံစား၀တ်နေရေး ဖူလုံစေမည့် လုပ်ခလစာ ရရှိရန် ဖြစ်နိုင်ချေရှိသော်လည်း ၎င်းသည် ရည်မှန်းချက် ကြီးလွန်းပြီး စက်မှုလုပ်ငန်းလည်ပတ်ပုံနှင့် ၎င်းကို ဦး စားပေးသောအရာများသို့ အသွင်ပြောင်းလဲသော ချဉ်းကပ်မှု လိုအပ်သည်။

ACT ၏ကမ္ဘာလုံးဆိုင်ရာခြေလှမ်းကို စုပေါင်းဆွေးနွေးညှိနှိုင်းသဘောတူညီမှုများ နှင့် မိသားစုအခြေခံ စား၀တ်နေရေးဖူလုံစေမည့် လုပ်ခလစာများ ရရှိရေးတို့အတွက် ညှိနှိုင်းမှုများအား အောင်မြင်စွာ ပံ့ပိုးပေး မည့် လိုအပ်သောအခြေအနေများအား ဖန်တီးပေးနိုင်ရန် ဒီဇိုင်းထုတ်ထားသော မဟာဗျူဟာ မြောက် ဆောက်လုပ်‌ရေး ဒေါက်တိုင်များ အဖြစ် နှိုင်းယှဉ်ပုံဖော်နိုင်သည်။ ဤဆောက်လုပ်ရေး ဒေါက်တိုင်များ တွင် အထူးသဖြင့် လွတ်လပ်စွာ အသင်းအပင်ဖွဲ့စည်းခြင်း နှင့် ကုန်ပစ္စည်း၀ ယ်ယူမှုဆိုင်ရာ အလေ့အကျင့် များပါဝင်သည်။

စုပေါင်းဆွေးနွေး ညှိနှိုင်းခြင်း

စက်မှုလုပ်ငန်းအဆင့်တွင်စုပေါင်းညှိနှိုင်းခြင်းဆိုသည်မှာ မိသားစု အခြေခံစား၀တ်နေရးဖူလုံစေမည့် လုပ်အားခ ပေးချေမှု အပါအ၀င် ဖြစ်ပေါ်လာနိုင်သည့် ကိစ္စအမျိုးမျိုးတွင် လုပ်ငန်းနယ်ပယ်ရှိ အလုပ်သမားများ နှင့်အလုပ်ရှင်များကို လွှမ်းခြုံသော သဘောတူညီချက်ရရှိ‌စေသည့် ဖြစ်စဉ် ဖြစ် ပါသည်။

– အထည်ချုပ်၊ အထည်အလိပ်နှင့် ခြေဝတ်ပစ္စည်း စက်မှုလုပ်ငန်းတွင် မိသားစုအခြေခံစား၀တ်‌ နေရေး ဖူလုံစေမည့် လုပ်ခလစာ ရရှိစေရန် စီးပွားရေးလုပ်ငန်း နှင့်လုပ်သား နှစ်ဦးနှစ်ဖက် စလုံး၏ လိုအပ်ချက် များကို ထည့်သွင်းစဉ်းစားနိုင်သောယန္တရားတစ်ခုလိုအပ်သည်။ လုပ်ငန်းတစ်ခုသည် စီးပွားရေးဆိုင်ရာ အပြောင်းအလဲများကို အချိန်မီတုံ့ပြန်ရန် အခွင့်အလမ်းလိုအပ်ပြီး အလုပ်သမားများသည်လည်း နေ့စဉ်စီးပွားရေးဆိုင်ရာ မလုံခြုံမှုလောကတွင် မနေသင့်ပေ။ စက်မှုလုပ်ငန်းအဆင့် စုပေါင်း ဆွေးနွေး ညှိနှိုင်းခြင်းသည် အလုပ်ရှင်များနှင့် အလုပ်သမားများအား လွတ်လပ်စွာ ညှိနှိုင်းအဖြေရှာကာ သဘော တူညီထားသောစံနှုန်းများသည်လူတိုင်းအတွက်စည်းနှောင်မှုဖြစ်လာစေခြင်းဖြင့် နှစ်ဉီးနှစ်ဖက်လုံး လိုအပ်နေသော ပြောင်းလွယ်ပြင်လွယ်မှုနှင့်လုံခြုံမှု များကို ပေါင်းစပ်ပေးသည်။

အချက်အလက် အကျဉ်းချုပ်အား ဖတ်ပါ

လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်ခြင်း

လွတ်လပ်စွာအသင်းအပင်း ဖွဲ့စည်းခြင်း (FOA) သည် နိုင်ငံတကာက အသိအမှတ်ပြုထားသော အလုပ်သမားများအား ၎င်းတို့စိတ်ကြိုက် ရွေးချယ်မှုဖြင့် အဖွဲ့အစည်းများကိုဖွဲ့စည်းခွင့် နှင့် အဖွဲ့၀င်နိုင်ခွင့် ဆိုင်ရာ လူ့အခွင့်အရေး ဖြစ်သည်။

– FOA သည် စုပေါင်းဆွေးနွေးညှိနှိုင်းမှုများနှင့် လုပ်ခလစာပိုမိုမြင့်မားစေရေးအတွက် လိုအပ်ချက်တစ်ခု ဖြစ်သည်။ FOA လေးစားမှုသည် လုပ်ခလစာနှင့် ခံစားခွင့်များအပါအ၀ င် လုပ်ငန်းခွင် စည်းကမ်း သတ်မှတ်ချက်များ နှင့် ပတ်သက်၍ အလုပ်ရှင်နှင့် ညှိနှိုင်းရန် အလုပ်သမားများ၏ အသံနှင့် ကိုယ်စားပြုမှု ကို ဆောင်ကြဉ်းပေးသည်။

ACT အဖွဲ့ဝင်ကုန်အမှတ်တံဆိပ်များ နှင့် IndustriALL Global Union တို့သည် အောက်ပါ အခြေခံမူများနှင့် မူဘောင်များ လက်တွေ့လုပ်ဆောင်ချက်ရန်အတွက် သဘောတူညီခဲ့ကြသည်။

  • ILO ပြဌါန်းချက်များနှင့်အညီ အလုပ်သမားများသည် စည်းရုံးပိုင်ခွင့် နှင့် စုပေါင်းဆွေးနွေး ညှိနှိုင်းပိုင်ခွင့် ကို လွတ်လပ်စွာ ကျင့်သုံးနိုင်ရမည်။
  • ကမ္ဘာ့ ကုန်စည်စီးဆင်းမှုကင်းဆက်များတွင် ပါ၀င်သူအားလုံးသည် လွတ်လပ်စွာအသင်းအပင်း ဖွဲ့စည်းခွင့်ရရှိရေးအတွက် ၄င်းတို့၏ သက်ဆိုင်ရာတာ၀န်များကို သိရှိ လိုက်နာ ဆောင်ရွက်ရန် ပူးတွဲချဉ်းကပ်မှုတစ်ခု လိုအပ်သည်။
  • ACT အဖွဲ့ဝင်များသည် မန်နေဂျာများ နှင့် အလုပ်သမားများအတွက် လွတ်လပ်စွာအသင်းအပင်း ဖွဲ့စည်းခွင့် နှင့် စုပေါင်းဆွေးနွေးညှိနှိုင်းမှုဆိုင်ရာ စွမ်းဆောင်ရည်တည်ဆောက်မှုသင်တန်းများ ပံ့ပိုးပေးလိမ့်မည်။
  • ACT အဖွဲ့ဝင်များသည် လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခြင်းကို မည်သို့မြှင့်တင်ရန်ဟူသော မဟာဗျူဟာများရေးဆွဲရန်ကတိပြုသည်။
  • ACT အဖွဲ့ဝင်များသည် လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ ဆွေးနွေးမှုများ တွင် ပါ၀င် မည်ဖြစ်သည်။

အကြောင်းအရာများအကြောင်း ပိုမိုသိရှိရန် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခြင်း လမ်းညွှန်ချက် ကိုဖတ်ပါ။

The Myanmar Freedom of Association Guideline

ကုန်ပစ္စည်း၀ ယ်ယူမှုဆိုင်ရာ အလေ့အကျင့်များ

ကုန်ပစ္စည်းဝယ်ယူမှုအလေ့အကျင့်ဆိုသည်မှာ ကမ္ဘာတစ်ဝှမ်းရှိ ကုန်ပစ္စည်းလက်လီရောင်းချ သူများ နှင့် ကုန်အမှတ်တံဆိပ်များသည် ၎င်းတို့အတွက်ကုန်ပစ္စည်းထုတ်လုပ်ပေးသည့် ထုတ်လုပ် သူ များ နှင့် အပြန် အလှန် စီးပွားရေးဆက်သွယ်လုပ်ဆောင်သည့် နည်းလမ်းပင်ဖြစ်ပါသည်။

ကုန်ပစ္စည်းဝယ်ယူမှုအလေ့အ ကျင့်များသည် အလုပ်သမားများအပေါ်သက်ရောက်မှုရှိသော နည်းဗျူဟာမြောက် အစီအစဉ်ချမှတ်ခြင်း၊ အရင်းအမြစ်၊ ဖွံ့ဖြိုးတိုးတက်မှု၊ ကုန်ပစ္စည်းဝယ် ယူခြင်း၊ ထင်ရှားသည့်အပြုအမူများ၊ တန်ဘိုးများနှင့် မူသဘောတရားများအားလုံးနှင့် အကျုံးဝင် ပါသည်။

ACT အဖွဲ့၀င်ကုန်အမှတ်တံဆိပ်များသည် မိသားစုအခြေခံစားဝတ်နေရေးဖူလုံစေ မည့် လုပ်ခလစာများ နှင့် ကောင်းမွန်သော လုပ်ငန်းခွင်အခြေအနေများ တိုးတက်လာစေရန် အဟန့်အတားဖြစ်စေသည့် ၀ယ်ယူမှု အလေ့အကျင့် များကို ပြောင်းလဲရန် တင်ပို့သော နိုင်ငံများမှတဆင့် တကမ္ဘာလုံးအတိုင်းအတာဖြင့် လုပ်ဆောင်ရန် ၄င်းတို့ကိုယ်တိုင် ကတိပြုခဲ့ကြသည်။ ACT ကမ္ဘာလုံးဆိုင်ရာ ၀ ယ်ယူမှု အလေ့အကျင့် ကတိပြုချက်များမှာ ACT အမှတ် တံဆိပ်များသည် စက်မှုလုပ်ငန်းကို စတင်ပြောင်းလဲရန် လုပ်ဆောင်နေသော ခိုင်မာသော အဆင့် ငါးဆင့် ဖြစ်သည်။

ကုန်ပစ္စည်း၀ ယ်ယူမှုဆိုင်ရာ အလေ့အကျင့်များကို တိုးတက်အောင် လုပ်ခြင်းတစ်ခုတည်းဖြင့် မိသားစု အခြေခံစား၀တ်နေရေးဖူလုံစေမည့် လုပ်ခကို ဆောင်ကြဉ်းမပေးနိုင်ပါ၊ သို့သော် ၎င်းတို့သည် ထောက်ပံ့ ရေး ကွင်းဆက်များအကြား လုပ်ခတိုးပေးခြင်းနှင့် အလုပ်သမားအခွင့်အရေးများကိုလေးစားခြင်းတို့ တွင် မရှိမဖြစ်လိုအပ်သောပဟေဋ္ဌိတစ်ခုဖြစ်သည်။

See more