ဘယ်သူတွေလဲ

ACT ဆိုသည်မှာ အထည်ချုပ်၊ အထည်အလိပ်နှင့် ခြေဝတ်ပစ္စည်း ဆိုင်ရာ ကုန်စည် စီးဆင်းမှု ကွင်းဆက်တွင်းရှိ  အလုပ်သမားများအတွက် မိသားစုအခြေခံစားဝတ်နေရေးဖူလုံစေ မည့် လုပ်ခလစာများရရှိစေရေးကို ရှေးရှူကာ ကမ္ဘာ တစ်ဝှမ်းရှိ ကုန်အမှတ်တံဆိပ် အခု ၂၀ နှင့် ၊ ကမ္ဘာ့ အလုပ်သမားသမဂ္ဂ IndustriALL တို့ အကြား ချုပ်ဆိုထားသော သဘောတူညီချက်တစ်ခု ပင်ဖြစ်ပါသည် 

ACT သည် လွတ်လပ်စွာအသင်းအပင်း ဖွဲ့စည်းခြင်း နှင့် တာ၀န်ယူမှုရှိသော ကုန်ပစ္စည်း ၀ယ်ယူမှု အလေ့အကျင့်များ အားဖြင့် စက်မှုလုပ်ငန်းအဆင့်တွင် စုပေါင်းညှိနှိုင်းဆွေးနွေးခြင်းသည်  မိသားစုအခြေခံစားဝတ်နေရေးဖူလုံစေ မည့် လုပ်ခလစာများရရှိစေ‌ရေးအတွက် လက်တွေ့အကျဆုံးသော လမ်းကြောင်း ဖြစ်ကြောင်း ယုံကြည်သည်  

ပိုမိုသိရှိရန်

အဖွဲ့၀င်များ  

ACT အဖွဲ့၀င်များအားလုံးသည် လတ်တလော ကမ္ဘာ့အထည်ချုပ်၊ အထည်အလိပ်နှင့် ခြေဝတ်ပစ္စည်း ကဏ ၌ လုပ်ခလစာ နှင့်လုပ်ငန်းခွင်အခြေအနေများကို ပြောင်းလဲရတွင် တူတကွ ကူညီလုပ်ဆောင်ရန် ကတိပြု ထားကြသည် မိသားစုအခြေခံစားဝတ်နေရေးဖူလုံစေ မည့် လုပ်ခလစာများရရှိစေ‌ရေးအတွက် အမှန်တကယ် ကတိကဝတ်ပြုရန်လိုအပ်သည်  

အဖွဲ့၀င်ဖြစ်ရန် စံနှုန်း

အဖွဲ့ဝင်စာရင်း

လက်မှတ်ရေးထိုးထားသော အဖွဲ့၀င်များ နှင့် ထပ်တိုး ကုန်အမှတ်တံဆိပ်များ အပါအ၀င် လက်ရှိ အဖွဲ့၀င်စာရင်း အပြည့်အစုံအား ကြည့်ရှုရန် ဤနေရာတွင် နှိပ်ပါ  

ပိုမို သိရှိစေရန်

IndustriALL Global Union and Corporate Signatories of ACT

သားစုအခြေခံစားဝတ်နေရေးဖူလုံသည့် လုပ်ခလစာဆိုသည်မှာ အဘယ်နည်း?

သားစုအခြေခံစားဝတ်နေရေးဖူလုံသည့် လုပ်ခလစာဆိုသည်မှာ အလုပ်သမား တစ်ဦး အဖို့ အခြားလိုအပ်သည့် ဝင်ငွေအပါအဝင်၊ ၎င်းနှင့် ၎င်း၏မိသားစု၏အခြေခံလို အပ်မှုများကို ဖြည့်ဆည်းပေးရန်လိုအပ်သည့်  အနည်းဆုံးရှိရမည့်ဝင်ငွေဖြစ်ပါသည် ဤဝင်ငွေကို တရားဝင်အလုပ်ချိန်ကန့်သတ်ချက်အတွင်း ရရှိရန်လိုအပ်သည် (ဆိုလို သည်မှာ အချိန်ပိုအလုပ်မပါဝင်ပါ) 

မိသားစုအခြေခံစားဝတ်နေရေးဖူလုံသည့် လုပ်ခလစာ နှင့် အဆိုပြုထားသော ကိန်းဂဏန်းများနှင့် ပတ်သက်သည့် အယူအဆများ သိသာစွာ ကွဲလွဲမှုများ ရှိနေပါသည် ကျယ်ပြန့်သည့်သဘောတူညီမှုတစ်ခုရှိသော်လည်း အထည်ချုပ်ထုတ်လုပ်သည့်နိုင်ငံအများစုတွင် လက်ရှိလုပ်ခသည် မိသားစုအခြေခံစားဝတ်နေရေးဖူလုံသည့် လုပ်ခလစာ နှင့် ပတ်သက်၍ အဓိပ္ပါယ်ရှိသောနားလည်မှု အောက်တွင်သာ ရှိနေသည် 

အတွင်းရေးမှုးအဖွဲ့ မိတ်ဆက် 

Bea Ruoff

Head of Operations, Accountability and Monitoring ACT

Bea Ruoff has published several articles about her research on labour market development and inequality, wage setting and global value chains and has designed and managed multi-stakeholder research projects at the Berlin School of Economics and Law.

David Cichon

Interim Head of Programmes

David Cichon has a background in sociology and political science with a research focus on industrial relations in global value chains. He completed his doctoral thesis on wage setting in Cambodia’s garment and footwear industry.

Tandiwe Gross

Senior Programme Manager, ACT

Tandiwe Gross joined the team in June 2018. She has a background in political science, law and labour policies, and has worked for the ILO in the field of online capacity building and technical advice on due diligence. More recently she served in the ILO Liaison Office in Myanmar.

James Dunlop

International Communications Manager

James has a background in communication strategy and public policy with a particular focus on wages and the global garment industry. An avid storyteller, James has supported civil society, government and private sector groups to use communication strategies to secure better outcomes for workers and communities.

Sophia MacRae-Tod

Project Manager

Sophia comes from a client-facing background with experience in global project management, serving corporates to non-profits. Her focus at ACT will be centred on enhancing member engagement and success as well as enabling ACT to thrive through the monitoring and evaluation of ACT-wide commitments.

Board Members

Christina Erika Hajagos-Clausen

Director, Textile and Garment Industry, IndustriALL Global Union

Kaiesha Gibson

Corporate Responsibility Manager, Pentland Brands

နားလည်မှု စာချွန်လွှာ

အဖွဲ့ဝင်ကုမ္ပဏီများနှင့် IndustriALL တို့အကြားလက်မှတ်ရေးထိုးခဲ့သောနားလည်မှုစာချွန်လွှာ သည် ကမ္ဘာလုံး ဆိုင်ရာကုန်စည် စီးဆင်းမှု ကွင်းဆက်များတွင် လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခြင်း၊ စုပေါင်းညှိနှိုင်း ဆွေးနွေး ခြင်းနှင့် မိသားစု စား၀တ်နေရေး ဖူလုံစေမည့် လုပ်ခလစာများကို ထည့်သွင်းရန်  လိုအပ်သော ကတိက၀တ် များအတွက် ACT အဖွဲ့ဝင်များအကြား ပူးပေါင်းဆောင်ရွက်မှုအတွက် အခြေခံဖြစ်သည်  

 

အဖွဲ့၀င်များ၏ ကတိက၀တ်များ 

ကုန်အမှတ်တံဆိပ်များ သည် ….. 

  • ဝယ်ယူမှုအလေ့အကျင့်များအားဖြင့်  ထုတ်လုပ်သူများနှင့် အတူ ရေရှည်မိတ်ဖက်ဖြစ်ရေးကို ထောက်ပံ့ ပေးနိုင်ရန် သေချာစေမည်။   
  • ၀ယ်ယူမှု အလေ့အကျင့်များအားဖြင့် မိသားစု စား၀တ်နေရေး ဖူလုံစေမည့် လုပ်ခလစာ ပေးချေမှု ကို ပံ့ပိုးပေးရန် သေချာစေမည်။  
  • မဟာဗျူဟာမြောက်သော ကုန်ပစ္စည်းပေးသွင်းသည့်စက်ရုံများ နှင့် ပတ်သက်၍ လိုအပ်သော သတင်းအချက်အလက်များကို IndustriALL နှင့် ဖလှယ်မည်။ 

ကုန်အမှတ်တံဆိပ်များနှင့် IndustriALL တို့သည် ….. 

    • လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခွင့်နှင့် ပတ်သက်၍ မည်ကဲ့သို့ မြှင့်တင်ဆောင်ရွက်ရမည်ကို မဟာဗျူဟာများ ရေးဆွဲ ကြမည်။  
    • လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခြင်း နှင့် စုပေါင်းညှိနှိုင်းဆွေးနွေးခြင်းများနှင့် ပတ်သက်ပြီး စွမ်းရည်မြှင့်တင်ပေးခြင်းများ ပြုလုပ်ပေးမည်။  
    • စက်မှုလုပ်ငန်းတစ်ခုလုံးဆိုင်ရာ စုပေါင်းသဘောတူညီချက်များအား သက်ဆိုင်ရာ နိုင်ငံဥပဒေများအရ မှတ်ပုံတင်ပြီး တရားဝင်ပြဌာန်းလာနိုင်စေရန် ထောက်ခံ ဆော်သြ ပေးမည်။  
    • ပိုမိုမြင့်မားသော အနိမ့်ဆုံးလုပ်ခလစာရလဒ်များဖြစ်ပေါ်လာနိုင်စေရေး ထောက်ပံ့ပေးနိုင်ရန် အတွက် သက်ဆိုင်ရာ အစိုးရများအား ပူးတွဲချဉ်းကပ်မှုများ ပြုလုပ်သွားမည်။  
    • မိသားစု စား၀တ်နေရေးဖူလုံစေမည့် လုပ်ခလစာရရှိရေးကို ရှေးရှူကာ ဦးစားပေးနိုင်ငံများရှိ စက်ရုံများ၊ IndustriALL အဖွဲ့၀င် သမဂ္ဂများအကြား ညှိနှိုင်းဆွေးနွေးမှုများ ဖြစ်ပေါ်လာစေရန် ပူးပေါင်း လုပ်ဆောင်သွားမည်။